ADH 2200 ကတော့ component နှစ်မျိုးရောစပ်ပြီး အသုံးပြုရတဲ့ epoxy ကော်တစ်မျိုး ဖြစ်ပါတယ်။ ကွန်ကရစ် အက်ကွဲကြောင်းတွေ ဖာထေး မယ်၊ ကွန်ကရစ် တွင်း သံချောင်းစိုက်ရာတွင် လည်းကောင်း အသုံးပြုနိုင်ပါတယ် ။ component A (1.8kg) နှင့် component B (1.2kg) ပေါင်း 3kg ပါဝင်ပြီး(B) တစ်ဆ (A) တစ်ဆခွဲ ရောစပ်ပြီး နှစ်မိနစ်ခန့် မွှေစက် နဲ့ မွှေပေးရပါမယ်. အသုံးပြုမယ့် နေရာကို အမှုန်၊ အမှိုက် တွေ ကင်းစင်သန့်ရှင်းနေဖို့တော့ လိုပါတယ် ဆေးထည့်အသုံးပြုမည့် အက်ကြောင်း(သို့) အပေါက် ကို အတွင်းပိုင်းထိသန့်ရှင်းစေရန် air compressor ဖြင့် သန့်ရှင်းပါ။ ရေလုံးဝမရှိပဲ ခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ရောစပ်ထားတဲ့ ADH 2200 ကို ပတ်တီးပြား(သို့) သံလျက် အသေးလေးဖြင့် သေချာစွာ ဖိသိပ်ပေးပါ။ တကယ်လို့ အက်ကြောင်းက နံရံမှာ ရှိနေပါက ဆေးကို 30 mm အထူထိသာ ဖြည့်ပေးပါ 3kg(1 set) ကို 1.5 mm အထူနဲ့ ဖာထေးမယ်စိုရင် 11.8 ft လောက် ရနိုင်ပါတယ်. ကွန်ကရစ် ကိုဖောက်ပြီး သံချောင်းစိုက်မယ် ဆိုရင်တော့ လေမှုတ်စက်ဖြင့် သန့်ရှင်းပြီးပါက ရောစပ်ထားသာ ဆေးကို အပါက်ထဲသို့ ပိုက်ကို ပြွန်ပုံစံ ပြုလုပ်ပြီး တဝက်ခန့် ထည့်ပေးပါ ၊ သံချောင်းကို ဖြည်းဖြည်းချင်း လှည့်ထည့်ဖို့တော့ လိုမယ်နော် ဒါမှလည်း ခိုနေတဲ့လေတွေ ထွက်ပြီး အပေါက်ထဲဆေးပြည့်လာမှာပါ ပြီးရင်တော့ လိုအပ်ပါက အပေါက်ဝနားကို လက်ဖြင့် ဖိသိပ်ပေးပါ၊ တစ်ရက်မပြည့်ခင် သံချောင်း ကိုထိန်းထားပေးဖို့တော့ လိုပါတယ် component A နဲ့ B ရောစပ်ပြီးရင်တော့ နာရီဝက် (မိနစ် ၃၀) အတွင်း အသုံးပြုပေးဖို့တော့ လိုမယ်နော် (မှတ်ချက် လက်အိတ်ဖြင့် ကိုင်တွယ် အသုံးပြုပါ ဆေးမခြောက်ခင် Tinner ဖြင့် သန့်ရှင်းရေးပြုလုပ်ပေးပါ)