ပထမဆုံး လူကြီးမင်း တို့ ဆေးအသုံးပြုမည့် မျက်နှာပြင်ကို ညီညာ ချောမွေ့နေစေဖို့ griding စက်ဖြင့် အရင် စားပေးပါ ။အဆီ အမှုန် အမှိုက်များ ကင်းဝေးစေဖို့ brush ကြမ်းဖြင့် သေချာစွာ သန့်စင်ဆေးကြောပေးပါ။ ပြီးရင်တော့ သုတ်လိမ်းမယ့် concrete မျက်နှာပြင်ကို ရေစိုစွတ်စေပြီး စိုထိုင်းထိုင်းအနေအထား (wet to wet အနေထား) ဖြင့် ဖျော်စပ်ထားသော waterproof slury သုတ်လိမ်းပေးပါ။ သုတ်လိမ်းတဲ့ အခါမှာ ပတ်တီးပြား (သို့) ဆေးသုတ်တဲ့ brush ဖြင့် သုတ်လိမ်းပေးနိုင်ပါတယ်၊ ခဲမသွားခင် အပြီးသတ် သုတ်လိမ်းပေးဖို့ လိုပါတယ် slury ကို maximum 1mm အထူဖြင့် အနည်းဆုံး နှစ်ထပ် (two coat) သုတ် လိမ်းပေးရပါမယ် first coat သုတ်ပြီး ၄/ ၅ နာရီခန့်အကြာ (outside temperature ပေါ်မူတည်ပြီး ) second coat ကို wet to wet အနေထားအတိုင်း ထပ်မံသုတ်လိမ်းနိုင်ပါတယ်